နတ်မောက် မေ ၁၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က နတ်မောက်မြို့နယ်တွင် e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်နေမှုကို ယနေ့ ညနေ(၃)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က လူဦးရေစာရင်း ပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) တစ်ခုတည်းကိုသာ အခြေခံ စာရင်းအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင် စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်းအဖြစ်အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ e-ID စနစ် Excel Format ဖြင့် ရေးသွင်းဆောင်ရွက်နေမှုအား တိတိကျကျ မှန်မှန်ကန်ကန် မြန်ဆင်ပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
နတ်မောက်မြို့နယ်တွင် အဆိုပါ ဆောင်ရွက်နေမှုအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်း (၆)ဦးအပြင်၊ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၄၇)ဦး အင်အား ဖြည့်တင်း၍ စုစုပေါင်း (၅၃)ဦးက Computer (၂၅)လုံးဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး လူမှုရေးရာဝန်ကြီးနှင့် အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် သက်ဆိုင်ရာဌာန များက လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း