သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ညောင်ရေသွန်းပွဲတော် ပြုလုပ်

သာယာဝတီ မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ယနေ့ နံနက် ၈ နာရီက ညောင်ရေသွန်းပွဲတော်ပြုလုပ်ခဲ့သည်။

ညောင်ရေသွန်းလောင်းရာတွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက မင်္ဂလာအုဠ်ကျောင်းတိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်၊ သတ္တဌာနမြို့ ဦးကျောင်းတိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်၊ လောကမာန်အောင်ဘုရားအတွင်း ရှိ ဗောဓိရွှေညောင်ပင်တို့အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ဆီမီးကပ်လှူခြင်းနှင့် ညောင်ရေ သွန်းလောင်းခြင်းကုသိုလ် ကောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)