မော်လမြိုင်ကျွန်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယ၊ နိကာယ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဂုဏ်ပြုပူဇော်ကာ စာအောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်အပ်နှင်းသည့်စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ်သံဃနာယကရုံးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်သံဃနာယက ဆရာတော်ကြီးထံမှ သရဏဂုံသီလဆောက်တည်ခြင်း၊ စုပေါင်းချီးမြင့်အပ်သော ပရိတ်တရားတော်များနာယူပူဇော်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်က သာသနာရေးဆိုင်ရာများလျောက်ထားပြီး စာအောင်သံဃာတော်များနှင့်သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင် အလှူရှင်ပြည်သူများက ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယ၊ ပါဠိပထမပြန်၊နိကာယ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ် ဓမ္မာစရိယ (၂) ပါး၊ ပထမကြီး (၇) ပါး၊ ပထမလတ် (၂) ပါး၊ ပထမငယ် (၂) ပါး၊ အခြေပြုမူလတန်း (၂၀) ပါး၊ စုစုပေါင်းစာအောင်သံဃာနှင့် သီလရှင် (၄၂) ပါးတို့အား စာအောင်လက်မှတ်နှင့် စာအောင်ဆုများအား အသီးသီးဆပ်ကပ်ချီးမြှင့်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)