ရေတာရှည်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး လုံခြုံရေးဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရေတာရှည်   မေ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး လုံခြုံရေးဆိုင်ရာများ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ​ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသူ၊​ကျောင်းသားများ အေးချမ်း​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည်မြို့နယ် ဦးစီးမှူး ဦးဉာဏ်စိုးနှင့် မြို့နယ်ရဲမှူး ဦးဌေးဝင်း​အောင်တို့က ဆက်လက်​ဆွေး​နွေး​ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအ​ဝေးတက်​ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက သိရှိလိုသည်များ၊ အ​ခြေအ​နေ အခက်အခဲများနှင့် ပတ်သက်၍ တင်ပြ​ဆွေး​နွေးခဲ့ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့​ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)