တောင်ငူ မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ရာ ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်မှူး ဒေါ်နီနီရွှေက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) အကြောင်း အသိပညာပေးဆွေးနွေးပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်သဇင်ကျော်က ကျား/မ အခြေခံသဘောတရားများ(GENDER) နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) အကြောင်း အသိပညာပေး ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသော အမျိုးသမီးကော်မတီဝင်များက ပြန်လည် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူခရိုင် ပြန်/ဆက်