စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)နှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအစည်းအဝေးတက်ရောက်

စစ်ကိုင်း မေလ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို မေလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိတော့သော်လည်း လူတိုင်းစေ့ ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးကို အလးထားကာအရှိန်မြှင့်ပြီး ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအနေဖြင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကိုလည်း လာရောက် ထိုးနှံလာအောင် စည်းရုံးဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံမှု အားနည်း သည့်မြို့နယ်များကို ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ် များနှင့် Mobile ရွေ့လျားအဖွဲ့များဖြင့်လည်း ကာကွယ်ဆေးများလိုက်လံထိုးနှံ ရမည်ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးများ လေလွင့်ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း  ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်ဆေး ရောက်ရှိမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေး

-၂-ရေးစခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ သတ်မှတ်ကာလအတွင်း ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြ ချက်များပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံး ချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝးခန်းမတွင် ကျင်းပသော မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံး မျိုးချစ် စိတ်ဓါတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြတ်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင်ထိန်းသိမ်းကာကွယ်ရေး၊ မြန်မာ့ဂီတ မြန်မာ့အကနှင့် မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှု အနုပညာများဆက်လက်ထွန်းကား ပြန့်ပွားရေးတို့အတွက်  ရည်ရွယ်၍ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေဖြင့်လည်း (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ ကော်မတီများအလိုက် တာဝန်ရှိသူများအားလုံးက မိမိတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်ပြီး လာမည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ တိုင်းဒေသကြီးအနေဖြင့် ရလာဒ်ကောင်းများရရှိစေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ ကော်မတီများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်တို့မှ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ထွေထွေဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     

တိုင်းဒေသကြီး၊ ပြန်/ဆက်။