ပန်ဆောင် မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထက်ရပ်ကွက်ရှိ ဆိုက်ဝူး မူကြိုကျောင်းကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက သက်ဆိုင်ရာအလိုက် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပန်ဆောင်မြို့ ဆိုက်ဝူး မူကြိုကျောင်းတွင် မူကြိုကလေးငယ် (၃၅)ဦးလာရောက်အပ်နှံပြီး အဆိုပါ ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွင့်ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် ကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီဖြင့်သင်ကြားနည်း၊ လက်မှုပညာဖြင့် သင်ကြားနည်း အစရှိသည့် သင်ကြားနည်းများဖြင့် ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးလျက်ရှိကြောင်း ပန်ဆောင်မြို့ အထက်ရပ်ကွက် ဆိုက်ဝူး မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်ညီပုန်ထံမှ သိရှိရသည်။
ဂျာယော်(ပန်ဆောင်)