ဓနုဖြူ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(၁)ဓနုဖြူတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှမျိုးသန့်၊ ဒုခွဲမှူး ဦးလှိုင်မျိုးသော်၊ တပ်စုမှူး ဦးစိုးသီဟတို့မှ သင်တန်းနည်းပြ(၅၈)ဦး၊ သင်တန်းသား/သင်တန်းသူ (၈၈၅)ဦးတို့အား သွေးပေါင်ချိန်ခြင်၊ ဆေးပေးခြင်း၊ အောက်ဆီမီတာ တိုင်းခြင်း၊ ဆီးချိုသွေးချို စစ်ပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို (၁၀.၅.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့ အထိ (၄)ရက်တာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)