သာပေါင်းမြို့နယ် Clean City, Green City, Smart City ဖြစ်ပေါ်လာစေရေး အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးများဆောင်ရွက်

သာပေါင်း မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းဆောင်ရွက်နေကြ မြို့ Clean City, Green City, Smart City ဖြစ်ပေါ်လာစေရေး အတွက်အမှိုက်ကောက် သန့်ရှင်းရေး များ ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းများ၊ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် စစ်သည်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်ပါဝင် စုပေါင်း၍ အမှတ်(၂)ရပ်ကွက် ကန္နားလမ်း၊ သာပေါင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်ဘုတ်ရှေ့မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်း တစ်လျှောက်မှ မြတ်ချမ်းသာ စေတီအထိ လမ်းဘေးဝဲ၊ ယာ တစ်လျှောက် ပတ်ဝန်းကျင်ရှိ ပလပ်စတစ် အမှိုက်သရိုက်များကောက်ခြင်း၊ သန့်ရှင်းရေးတို့‌ ဆောင်ရွက်ခြင်းတို့အား စည်ပင် သာယာ အမှိုက်ကားဖြင့် ရှင်းလင်းသယ်ပိုးစွန့်ပစ်ခြင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

မျိုးဇော်သိန်း