ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ညောင်လေးပင် မေ ၁၃

 ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန် ကစာအုပ်စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသော"လူငယ်လမ်းညွှန်" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉ်စီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီ၀င်းက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး "လူငယ်နှင့်ပညာရေး"ခေါင်းစဉ်ဖြင့် ဆွေးနွေး သွားခဲ့သည်။

ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဦးစိန်ဝင်းက လူငယ်နှင့်ဘာသာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ လူငယ်နှင့်အိမ်ထောင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဦးဟိန်းသူနိုင်မှ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)