တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

တမူး မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့ နေ့လယ် (၁၂:၃၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ/ ဆရာမများအား ဂါရဝပြု လက်ဆောင်များနှင့် ကျောင်းသား/ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို  ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်းပညာကို စိတ်ပါဝင်စားသော ကလေးငယ်များအား ပန်းချီပညာကို အခြေခံမှစတင်လေ့လာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ ဦးခင်မောင်ထွေးနှင့်သင်တန်းနည်းပြဆရာမ ဒေါ်သိင်္ဂီစိုးမှ အခြေခံပန်းချီ ရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ ကာတွန်းခေါင်းပုံသဏ္ဍန်ရေးဆွဲနည်း (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ ကာတွန်းအချိုး အစား၊ သစ်ပင် ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို ဧပြီလ(၂၇)ရက်နေ့မှ မေလ(၁၃)ရက်နေ့ထိ ကျောင်းသား/ကျောင်းသူ(၁၅)ဦးတို့အား ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရတနာ