ကြံခင်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာကျေးရွာ စာကြည့်တိုက်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှင်သန်ခိုင်မာ စံညီစာကြည့်တိုက် (၂)တိုက်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်နှင့် ဝန်ထမ်းများက ကြံခင်းမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာစံညီစာကြည့်တိုက် များဖြစ်သော သဲဖြူကျေးရွာရှိ မြတ်ပညာစာကြည့်တိုက်နှင့် ချောင်းခွကျေးရွာရှိ ရောင်ခြည်ဦး စာကြည့်တိုက်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာကျေးရွာစာ ကြည့်တိုက်များမှ သဲဖြူကျေးရွာရှိ မြတ်ပညာစာ ကြည့်တိုက်နှင့် ချောင်းခွကျေးရွာရှိ ရောင်ခြည်ဦးစာ ကြည့်များ၏ ကော်မတီအဖွဲ့ဝင်များဖြင့် တွေ့ဆုံခြင်း၊ လက်ရှိမြေပြင်အခြေအနေများကို စစ်ဆေးခြင်း၊ ကျေးရွာ စာကြည့်တိုက်များရှိ သုတ၊ ရသစာအုပ်စာစောင် စာရင်းရေးသွင်းထားရှိမှုအားလည်းကောင်း၊ အပတ်စဉ်ဖွင့်လှစ်သည့် ရက်များတွင် စာဖတ်၊ စာငှားသူဦးရေနှင့် တစ်ပတ်လျှင် စာကြည့်တိုက် ဖွင့်လှစ်သည့် နေ့ရက်များအားလည်းကောင်း၊ စာကြည့်တိုက်ရှင် သန်ခိုင်မာရေး ဆောင်ရွက် ထားရှိမှုများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)