တောင်ငူ မေ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယနေ့နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ငှားရမ်းရာတွင် ခရိုင် စုပေါင်းရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့တွင် စာအုပ်ငှားရမ်းသူ ၃၀ ဦး စာအုပ်ပေါင်း ၆၀ အုပ်ကို ငှားရမ်းဖတ်ရှုချိန်နှစ်ပတ်ကြာအထိ ဖတ်ရှုနိုင်ရန် ငှားရမ်းပေးပြီး အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျန်ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာနေ့စဉ် နံနက် ၉ နာရီမှ စတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်များ ငှားရမ်း ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်