ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကွန်ပျူတာသင်တန်း သင်ခန်းစာဆန်းစစ်ခြင်း Kahoot Quiz Game ပြိုင်ပွဲပြုလုပ်

ဘားအံ မေ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၂) သင်တန်းတွင် သင်ခန်းစာဆန်းစစ်ခြင်း Kahoot Quiz Game ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးစောအောင်ဘက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကွန်ပျူတာအခြေခံနှင့် ပတ်သက်သည့် သင်ခန်းစာဆန်းစစ်ခြင်း မေးခွန်းများကို အမှား/အမှန် ရွေးချယ်ပုံစံဖြင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း (၁/၂၀၂၂) တက်ရောက်နေသည့် ကျောင်းသား/သူက ဖြေဆိုကြရာ ပထမဆုကို နန်းမေစင်သူကလည်းကောင်း၊ ဒုတိယဆုကို မဇူလိုင်ဌေးကလည်းကောင်း၊ တတိယဆုကို လျာညောင်ဆန်းမန်ကလည်းကောင်း၊ အထူးဆု (၁) ကို နန်းကြည်ပြာဦးကလည်းကောင်း၊ အထူးဆု (၂) ကို နန်းထားထားနွယ်ကလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)