ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း ( ၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ဘားအံ မေ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း ( ၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးအောင်ဇော်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားပြီး၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာသင်တန်းသင်ခန်းစာ စမ်းစစ်ဖြေဆိုသည့် Khoot Quiz game တွင် ဆုရရှိသူများအား  ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) ၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကရင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကွန်ပျူတာသင်တန်းတွင် သင်တန်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သော ကွန်ပျူတာတက္ကသိုလ်မှ လက်ထောက်ကထိ က ဒေါ်ခင်စိုးမိုးကျော်အား ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)