သံတောင်ကြီး မေ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း (ဓါတု) ၏ “တွင်းအတွေးစကား” စာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ယွာအယ် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်များဖြစ်သည့် ရက်လည်ဆွမ်း၊ မန်ကျည်စေ့ကလေးများ၊ ဦးဘုန်း (ဓါတု) မှာမိန်းမသုံးယောက်ရှိပါသည်” စသည့် ခေါင်းစဉ်ငယ်များအား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး နော်ဖူးဖူး (Youth Club) အဖွဲ့ဝင်က လောဘသေတ္တာ၊ ဒူးရင်းသီးပုံပြင်၊ ရှားပါးဓါတ်ပုံ၊ သားသမီးပုခုံးထက်ကမုန်လာဉနှင့် ကြက်ဉစသည့် အကြောင်းအရာများ ဖတ်ကြားဆွေေးနွေးပြီး တက်ရောက်လာသော (Book Club /Youth Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စောမင်းသား (ပြန်/ဆက်)