ဘားအံ မေ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၀၀)နာရီက ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ် ဒေါက်တာခင်မာလာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်ပညာသင်နှစ်တွင်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ကွန်ပျူတာတက္ကသိုလ်ဘားအံမှ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများအပြင် တက်ကြွသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် လေ့ကျင့် ပျိုးထောင်ပေးသွားမှာဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန၏ဖွဲ့စည်းပုံအကြောင်း၊ သင်ကြားရေးဌာန များအကြောင်း၊ ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားပေးမည့် ဘာသာရပ်များနှင့် Credit System အကြောင်းကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဌာနကြီး(၇) ခုမှ ဌာနမှူးများက မိတ်ဆက်ကြ ရာတွင် သဘာဝသိပ္ပံဌာနမှူး ၊ ကွန်ပျူတာစနစ်နှင့်နည်းပညာမဟာဌာနမှ ဌာနမှူး၊ တွက်ချက် ရေး သင်္ချာမဟာဌာနမှ ဌာနမှူး ၊သုတသပ္ပံမဟာဌာနမှဌာနမှူး ၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန မှ ကထိကများ၊နည်းပညာထောက်ပံ့ရေးနှင့် သတင်းဌာနမှ ဌာနမှူးများက အသီးသီးမိတ်ဆက်စကားပြောကြားပြီး သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းဆွေးနွေးပြီးနောက် ကျောင်း သား/သူများမှ တစ်ဦးချင်းပြန်လည်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဝင်ခွင့်ရရှိသည့် ကျောင်းသား/ သူ (၇၄) ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)