ကြံခင်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ရပ်မိ/ဖများနှင့် စေတနာရှင် အလှု့ဒါယကာ၊ ဒါယိကာမများက "နမောတဿ" (၃)ကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် ဦးဝါယမထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။
ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားပြီးနောက် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ကြီးကြပ် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများမှ ဆက်ကပ်လှုဒါန်းကြ ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်း စာအောင် သံဃာ(၃)ပါးကို အောင်လက်မှတ်နှင့် လှုဖွယ်ဝထ္ထုအစုစုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေနာရှင်အလှုရှင်များမှ ဆက်ကပ်လှုဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင် ကျောင်းတိုက်ဆရာတော်မှ တရားတော်များ ဟောကြားချီးမြှင့်ခြင်းနှင့် လှူဖွယ်ဝထ္ထုအစုစုအတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ညနေ(၁၇)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)