တနင်္သာရီ မေလ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၂ခုနှစ်၊ မေလ (၆ရက်မှ၁၁ရက်နေ့) အထိ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲတွင် (ပထမ)ဆုဖလားရရှိခဲ့သည့် တနင်္သာရီမြို့နယ်ကိုယ်စားပြုအမျိုးသမီးဘော်လီဘောအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ စည်းအဝေးခန်းမတွင် မေလ ၁၂ရက်နေ့ မွန်း လွဲ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းနှင့်ဌာနဆိုင်ရာဦးစီးမှူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်ပပထွန်းနှင့်နည်းပြများ၊အသင်းအုပ်ချုပ်သူနှင့်ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က အဖွင့်အမှာစကားဂုဏ်ပြုပြောကြား၍ မြို့နယ်အားကစားမှူးဒေါ်ပပထွန်းကပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်ခဲ့မှုနှင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ဆုရအားကစားသမားတစ်ဦးချင်းစီအား မိတ်ဆက်ပေးသည်။
ဆက်လက်၍ ဆုရရှိသည့်အားကစားသမားများနှင့် နည်းပြ/အုပ်ချုပ်သူများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချီးမြှင့်ပေးသည့် ဂုဏ်ပြုငွေ(၅၈၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်မှ ပေးအပ်ချီးမြှင့်ရာ အားကစားမှူးဒေါ်ပပထွန်း က လက်ခံရယူ၍ အားကစားသမားများကိုယ်စားဆုရကစားသမား မပိုင်နွေးနွေးဦးမှကျေး ဇူးတင်စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(ပြန်ဆက်)