ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစျေးအတွင်း ဆေးမျိုးစုံရောင်းချနေသောဆိုင်များ လိုက်လံစစ်ဆေး

ဒိုက်ဦး  မေ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း က ဒိုက်ဦးမြို့မစျေးကြီးအတွင်းရှိ ဆေးမျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ရောင်းချနေသော Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plaster များသည် ဆေးဝါးမှတ်ပုံတင် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးနောက် စားသောက်ကုန်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း ဟောပြောခြင်းလုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူနှင့်ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများ တိုင်ကြားနိုင်သည့် Website များကိုလည်း အသီးသီး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုလည်း ရှင်းပြသည်။

ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)