ဒိုက်ဦး မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ (၃၉)ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဠဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ ယနေ့နံနက် ၉ နာရီ က ဒိုက်ဦးမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်း ပရိယတ္တိအောင်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါဠိပထမပြန်စာမေးပွဲ သြဝါဒါစရိယ မအူတောကျောင်းတိုက်ဆရာတော် ဥူးဝိမလမှ ငါးပါးသီလချီးမြှင့်၍ သြဝါဒကထာ မြွက်ကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့် က သာသနာရေးဆိုင်ရာများ ရှင်းလင်းလျှောက်ထားခဲ့သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းအောင်မြင်သူ စာအောင်သံဃာ (၂)ပါး၊ ပထမလတ်တန်း (၁)ပါး၊ ပထမငယ် (၂)ပါး၊ အခြေပြုမူလတန်း အောင်မြင်သည့် စာအောင်သံဃာ (၈)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များမှ စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပြီး ဒိုက်ဦးမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ မြို့သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္နဥူးဝိဇ္ဇောဘာသာ ကမှ လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ သြဝါဒစရိယဆရာတော်ကြီးများ၊ ၂၀၂၁ ခုနှစ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)