ရေနံချောင်း မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းရေနံမြေတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ GOLDPETROL.JOC Inc.နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေ့ဦးပြုစုခြင်းသင်တန်းကို မေလ ၁၀ ရက်နေ့မှ မေလ ၁၃ ရက်နေ့ ယနေ့ထိ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ အခြေခံရှေ့ဦးပြုစုခြင်းသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက အခြေခံရှေ့ဦးပြုစုခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြပြီး မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း နှင့် GOLDPETROL.JOC Inc. တို့မှ ရေနံမြေဝန်ထမ်း သင်တန်းသား ၃၀ ဦး နှင့် ပြည်သူ ၅ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက် သင်ယူခဲ့ကြကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ (ပြန်/ဆက်)