လှိုင်းဘွဲ မေ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးသီဟမြင့်ဆွေ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများက ဈေးအတွင်း ဈေးရောင်းသူများအနေဖြင့် မီးသတ်ဆေးဘူးများထားရှိခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်ချက်နှင့်အညီပစ္စည်းများထားရှိခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးအသုံးပြု၍ ဈေးရောင်းသူများအနေဖြင့် စနစ်တကျအသုံးပြုရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူ၊ဈေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်စေခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ( ပြန်/ဆက်)