မင်းတုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်

မင်းတုန်း မေ ၁၃

မကွေးတိုင်းဒေကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတစ်ခုနှင့် ရေရရှိရေးအတွက် ကျေးရွာ(၆)ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများမှာ ပြည်ထောင်စု ရန်ပုံငွေ တင်ဒါစနစ်ဖြင့် ပန်းပင်ကုန်းရွာတွင် မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်း၊ ရေပုတ်ရွာတွင် မြေသားရေကန်တူးဖော်ခြင်း၊ ကြို့ကုန်းရွာတွင် ကုန်ထုတ်လမ်း (/)မိုင်ရှိ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်း၊ ကံကုန်းရွာတွင်ဂါလံ ၅၀၀၀ ဆံ့အုတ်ရေကန် နှင့် ပေ ၉၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်းကို ဌာနမှာ လုပ်ငန်းဆောင်ရွက်ခြင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အင်းဗျက်ရွာနှင့် ဘူးတောင်းကျေးရွာတို့တွင် ဂါလံ ၅၀၀၀ ဆံ့အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ကံလည်ကျေးရွာတွင် မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ထံမှ  သိရှိ ရသည်။

မြို့နယ်ပြန်/ဆက်