ပိုင်ကျုံ မေလ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် လမ်းများ၊ ရေမြောင်း၊ Flower Box များ၊ Box Culvert နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၃၄.၂၀၅)သန်းဖြင့် ပိုင်ကျုံမြို့အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းကွန်ကရစ်လမ်း(၁၃)ခု၊ Box Culvert (၂)စင်း၊ အုတ်စီရေမြောင်း(၄)ခုနှင့် အခြားမြို့တွင်းသာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
နော်ခူး(ပြန်/ဆက်)