ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ "မြင်းခြံကျော်အောင်"ရေးသားသည့် စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကမမောင်း မေ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "မြင်းခြံကျော်အောင်"ရေးသားသည့် ကျန်းမာချမ်းသာအောင်ဘယ်လိုလုပ်မလဲ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကမမောင်းမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက လူလတ်ပိုင်းအရွယ် ကျန်းမာရေးအကြောင်းနှင့် အောင်မြင်သူနဲ့မအောင်မြင်သူဘာကွာခြားသလဲအကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူများ စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ပြီး ‌ဆွေးနွေးပွဲအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)