ငပုတောမြို့နယ်၌ ခရိုင်စိုက်​ပျိုးထုတ်လုပ်မှုကြီးကြပ်​ရေးအဖွဲ့နှင့် နွေစပါး​တောင်သူများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ငပု​တော ​မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့နှင့် နွေစပါးစိုက်တောင်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယ​နေ့ နံနက်ပိုင်းက   ငပုတောမြို့နယ်အတွင်းရှိ အုပ်ပင်စုကျေးရွာ၊  ကံစုကျေးရွာနှင့် ဖျန်ရေကျော်ကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှူ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းစိုးမှ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ​တောင်သူများသိသင့် သိထိုက်သည့် အကြောင်းအရာများကို ရှင်းလင်း​ဆွေး​နွေး ပြောကြားခဲ့သည်။ ထို့​နောက်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်​ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်သန်းက နွေစပါးစိုက်ပျိုးနိုင်ရေးနှင့် ပတ်သတ်ပြီး  ရှင်းလင်းခဲ့မှုအပေါ် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှူ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်သူက လိုအပ် သည်များကို ဖြည့်စွက်​ဆွေး​နွေးပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုမှ တွေ့ဆုံပွဲသို့  တက်ရောက်လာကြသော တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းရာ တောင်သူများမှ လိုအပ်ချက်များအား ပြန်လည်တင်ပြလာမှုအ​ပေါ် ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ခရိုင်စိုက်ပျိုးထုတ်လုပ်မှူ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်   နွေစပါး စိုက်ပျိုးနိုင်ရန်အတွက် ရေရရှိနိုင်ရေး၊  ရေသိုလှောင်နိုင်ရေးအတွက် အုန်းပင်စု-သက္ကယ်ချောင်း ​​ရေ​မြောင်းအား ပြန်လည်တူးဖော်နိုင်ရေးနှင့်  စပါးကြီးချောင်းအတွင်း ရေတံခါး ဆောက်လုပ် နိုင်မည့်နေရာများသို့  လိုက်လံကြည့်ရှုခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား  လိုအပ်သည် များ  မှာကြားခဲ့ကြောင်း သိရသည်။

နုနုရီ(ငပုတောပြန်/ဆက်)