ရွှေတောင်မြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင်မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ကွင်းဆင်းဆွေးနွေးခြင်းများကို နွားမယံကျေးရွာ ဘဝအလင်းရောင် စာကြည့်တိုက်၊ ပုရပိုဒ်တန်းကျေးရွာ ရဟန္တာ(၈၀)  စာကြည့်တိုက်၊ ဆည်ကြီးကုန်း အုပ်စုညောင်ဝိုင်းကျေးရွာ ဘဝလမ်းညွှန် စာကြည့်တိုက်၊ ထန်းကုန်း‌ကျေးရွာ ပညာရတနာ စာကြည့်တိုက်၊ ဥယျာဉ်ကျေးရွာ ရွှေအိုးစာကြည့်တိုက်၊ ဝါးလည်ကျေးရွာ သခင်ကိုယ်တော်မှိုင်းစာကြည့်တိုက်များသို့ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး စာကြည့်တိုက် ဆိုင်းဘုတ်များနှင့် အဆောက်အအုံများအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာကြည့်တိုက် အတွင်းအပြင် သန့်ရှင်းစေရေး၊ စာကြည့်တိုက်အတွင်း လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းစွာ ရှိစေရေး၊ စာအုပ်စာစောင်များ စနစ်တကျ ရှိစေရေး၊ စာအုပ်စာစောင် ပျောက်ဆုံး/ ပျက်စီးမှုများ ပြန်လည်ဖြည့်ဆည်းရေးနှင့် ပြည်သူများစာအုပ်စာစောင်များ လေ့လာဖတ်နိုင်အောင် ဆောင်ရွက်ပေးရေး၊ စာအုပ်များတိုးပွားနိုင်ရေး၊ ရန်ပုံငွေရရှိရေး နည်းလမ်းများ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း