ပွင့်ဖြူ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ဂုဏ်ပြုဧည့်ခံပွဲကို မေ ၁၃ ရက် ၊ ယနေ့ နံနက် ၉ နာရီက အဆိုပါ ပရဟိတအသင်းရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းနာယက ဦးဌေးဝင်းက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးတင်ဝမ်းက သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းကြီးအား ရေရှည်တည်တံ့စေရေးနှင့် (၁၀)နှစ်တာကာလအတွင်း ဒေသခံပြည်သူများ၏ ကျန်းမာရေးကိစ္စများ၊ သာရေးနာရေးလူမှုရေးကိစ္စများနှင့် စပ်လျဉ်းပြီး ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ခဲ့မှုများ၊ နယ်မြေအတွင်းရှိ အခြားသော လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့လှူဒါန်းခဲ့မှုများ၊ အသင်းဝင်ဦးရေတိုးပွားရေးနှင့် အသင်းရန်ပုံငွေတိုးပွားရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးဆက်က အသင်းရန်ပုံငွေရရှိမှုနှင့် ရန်ပုံငွေသုံးစွဲမှု ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပရဟိတအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် လူမှုရေးအသင်းအဖွဲ့များမှ ပရဟိတအဖွဲ့ဝင်များက ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းကြီးအား ရေရှည်တည်တံ့ခိုင်မြဲရေး၊ အသင်းဝင်ဦးရေ တိုးပွားရေး၊ ရန်ပုံငွေတိုးပွားရေး၊ မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ကူညီဆောင်ရွက်ခဲ့မှုအပေါ် လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ရာ အသင်းနာယကများက အသင်းသားများ၏ ဆွေးနွေး အကြံပြုချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်း တည်ထောင်ခဲ့မှု(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အ ထိမ်းအမှတ် ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )