ကဆုန်ညောင်ရေသွန်းပွဲတော်အကြို သန့်ရှင်းရေးဆောင်ရွက်

အုတ်ဖို မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ သုံးထပ်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက ကဆုန်ညောင်ရေသွန်းပွဲကို ကြိုဆိုသောအားဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့မှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့၊ မေလ ၁၄ ရက်နေ့တွင် ကျရောက်မည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကြိုဆိုသောအားဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ ဘုရားရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်တော်စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အလားတူ  မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်သူ