မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်ပိုင်ရှင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

အထက်မင်းလှ     မေ  ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်(၁၈၀)ဆိုင်အား ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် လုပ်ငန်းလိုင်စင်များ ချထားပေးမည်ဖြစ်၍  သတ်မှတ်ထားသောလိုင်စင် စည်းကမ်းချက်များနှင့်အညီရောင်းချရန်၊ ယစ်မျိုးသယ်ဆောင်ခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်/ခရိုင်တို့နှင့်ချိတ်ဆက်ကာ သယ်ဆောင်ခွင့်လက်မှတ်ရယူပြီးမှသာ သယ်ယူရောင်းချသွားရန်နှင့်  မိမိမြို့နယ်အတွင်း တရားမဝင်ယစ်မျိုးသယ်ဆောင်ခြင်း၊ ရောင်းချခြင်းများမရှိစေရေး ပူးပေါင်းဆောင်ရွက် သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့်သူများက ယစ်မျိုးသယ်ယူရောင်းချခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)