ဝါးခယ်မ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ဆောင်ရွက်လျက်ရှိသည့် ပုံစံ ၆၆/၆ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများနှင့် EID စနစ်ဖြင့် နိုင် (၄) မှတ်တမ်း ရိုက်သွင်းခြင်းလုပ်ငန်းများကို UEC အဖွဲ့ဝင် ဦးသန်းထွန်း (တိုင်းတာဝန်ခံ) မှ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံစံ ၆၆/၆ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်း ၂၀ ဦးက ကွန်ပျူတာ (၂၀) လုံးဖြင့် လည်းကောင်း၊ EID စနစ်ဖြင့် နိုင်(၄) မှတ်တမ်း ရိုက်သွင်းခြင်းလုပ်ငန်းများကို ဝါးခယ်မမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာနမှ ဝန်ထမ်း ၄၀ ဦးက ကွန်ပျူတာ(၂၀)လုံး ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်နေမှုများအား UEC အဖွဲ့ဝင် ဦးသန်းထွန်း (တိုင်းတာဝန်ခံ)မှ ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ဝါးခယ်မမြို့နယ် စာရေးကုန်းရပ်ကွက် မီတာ ၄၀၀ ကွင်းအတွင်း ကော်မရှင်ရုံး ဆောက်လုပ်ရန် လျာထားမြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း