လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

လှိုင်းဘွဲ မေ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီးဆရာတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ပန်းချီပညာနှင့်ပတ်သက်၍ တတ်မြောက်စေရန်အတွက် အခြေခံပန်းချီသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပန်းချီဆရာ ဦးမြသွေးက အခြေခံပန်းရေးဆွဲနည်း၊ အခြေခံမျဉ်းများ ရေးဆွဲနည်း၊ ခဲတံကိုင်နည်း၊ အရာဝတ္ထုမူပုံ ရေးဆွဲနည်း၊ ပန်းချီဖွဲ့စည်းမှု အမျိုးအစားများ၊ အနီးအဝေးရေးဆွဲနည်း၊ မျက်နာပြင်သဘောတရား၊ အခြေခံပန်းချီနှင့်ပတ်သည့် ရေးဆွဲနည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၁)ဦးဖြင့် သင်တန်းကို မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့ အထိ နေ့စဉ်နံနက်()နာရီခွဲမှ (၁၁)နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)