မြင်းမူ မေ ၁၃
သဘာဝဘေးအန္တာရာယ်ကျရောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ချက်ချင်းတုန့်ပြန်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လျှင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနသည် မပြတ်လေ့ကျင့်လျက်ရှိကြောင်းသိရှိရသည်။ အချိန်အခါမရွေးဖြစ်ပေါ်လာတတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျှင်ဘေးစသည့်
ဘေးအန္တရာယ်များကို လျှင်မြန်စွာကူညီရှာဖွေကယ်ဆယ်နိုင်ရေးတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ကွက်သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလေ့ကျင့်မှုအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်လာခြင်းဖြစ်ပါက ပြည်သူများ၏အသက်အန္တရာယ်ကို အချိန်တိုအတွင်း ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့် အသုံးပြုကယ်ဆယ်ရှာဖွေရေးကို လေ့ကျင့်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ အပြင်သဘာဝဘေးအန္တရယ်ဖြစ်စဉ်များနှင့် ပတ်သက်၍
အချိန်တိုအတွင်း ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှုးဦးကျော်ကျော်ဦးထံမှသိရှိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးတွင် အသုံးပြုရန်အတွက် ဌာနမှပေးပို့သော ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေးအတွက် ဌာနတွင်းသင်တန်းဆင်းနည်းပြဆရာများက ယခုကဲ့သို့ လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)