နည်းပညာတက္ကသိုလ်(မအူပင်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မအူပင် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၂-၂ဝ၂၃ ပညာသင်နှစ်၊ ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နည်းပညာ တက္ကသိုလ် (မအူပင်)တွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် နည်းပညာတက္ကသိုလ် (မအူပင်)၊ ပါမောက္ချုပ် ဒေါက်တာ ကျော့ခင်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဌာနအသီးသီးမှ ဌာနမှူးများ ဆရာ/ ဆရာမများနှင့် မောင်မယ်သစ်လွင်များအား ရင်းနှီးစွာ မိတ်ဆက်ပေးသည်။ ဆက်လက်၍  လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနများမှ ဌာနမှူးများမှ အင်ဂျင်နီယာဘာသာရပ် အသီးသီးအား ရှင်းလင်းပြောကြားသည်။

၎င်းနောက်မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများမှ မိမိသက်ဆိုင်ရာ စာသင်ခန်း များတွင် တာဝန်ကျ ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများအား အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)