ကြို့ပင်ကောက် မေ ၁၃
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ကင်းစင်ပပျောက်ရေးအတွက် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ အဘိတ်ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင သန့်ရှင်းရေး လုပ်ငန်းများ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၂၁ ခုနှစ်မှ ယနေ့အချိန်အထိ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ တစ်ဦးမျှမရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)