စုကလိမြို့တွင် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်

စုကလိ မေ ၁၂

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် ပြည်သူများအား အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show အား ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆောင်ရွက်ပေးရာတွင် သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ ဖြစ်ပေါ်လာပုံများနှင့် မိုးကြိုကာလသဘာဝဘေး အန္တရာယ်များအကြောင်းနှင့် ဖြစ်ပေါ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အမြန်ဆုံးဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြစေရေးတို့ကို အသိပညာပေး ပြောကြားပေးခဲ့သည်။

အဆိုပါ  အသိပညာပေး Talk Show အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်- ဒေါ်ပိုပိုအောင်မှ တင်ဆက်ပေးခဲ့ပြီး we love sukali page တွင် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်