လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲပြုလုပ်

လိပ်သို မေ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်း၌ စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀:၀၀နာရီအချိန်တွင်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူကလေးသူငယ်(၉)ဉီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာပြန်ကြားရေးဉီးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စောဝေါ်ကွောထူး(ရုပ်/သံ-၃)က ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်လာစေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာပြောရဲဆိုရဲရှိလာစေရန်ရည်ရွယ်၍ ယခုလို ပြိုင်ပွဲငယ်လေးများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသူများအား ဆုများချီးမြင့်ပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သော ကလေးငယ်များအားလုံးကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

စောဝေါ်ကွောထူး(ရုပ်/သံ-၃)