ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုဇဉ်းခေါင်းထိုးနည်းသင်တန်းဆင်းပွဲကျင်းပ

ကလိန်အောင်  မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ‌ကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်(Youth Club)အသင်းမှလူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ တစ်ဖက်တစ်လမ်းမှမိသားစု အပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီ‌သော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် ပုဇဉ်ခေါင်းထိုးနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃)နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်နှင့်အညီကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ဤသင်တန်း​ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြပါသော သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား/သင်တန်းသူ(၁၅)ဦးအား ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမအား အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးကာ သင်တန်းသူ/သင်တန်းသားများက အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ပြီး သင်တန်း ဆင်းပွဲကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)