ပါဠိပထမပြန်အောင်လက်မှတ်ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း မေ ၁၃

 စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ပါဠိပထမပြန် အောင်လက်မှတ် ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ဟုမ္မလင်း မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ ပင့်သံဃာဆရာ​တော်များနှင့် စာအောင်သံဃာတော်(၇)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိ၊ မြို့ဖများမှ ​လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ခြင်းနှင့် ပါဠိပထမပြန်စာအောင်လက်မှတ်များ ပေးအပ်ပြီး၊ဆရာတော်က အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ဗုဒ္ဓသာသနံစီရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)