သာပေါင်းမြို့နယ်တွင် အသက်(၁၉)နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အားကစားသမား စိစစ်ရွေးချယ်ပွဲကျင်းပ

သာပေါင်း မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်နှင့်‌ အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင် ကစားရန် ဘောလုံးအားကစားသမားများ စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်မှ စတင်၍ သာပေါင်းမြို့နယ် အား/ကာ ဘောလုံးကွင်း၌ ခြေစစ်ပွဲကျင်းပခဲ့သည်။

ထိုသို့ ဘောလုံးအားကစားသမားများ ခြေစစ်စိစစ်ရွေးချယ်ပွဲသို့ မြို့ပေါ်၊ ကျေးရွာများမှ အသက် (၁၉)နှစ်နှင့် အောက် အားကစားသမား(၅၀)တို့က ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ၎င်းတို့အထဲမှ မြို့နယ်ကိုယ်စားပြု ဘောလုံးအားကစားသမား(၁၈)ဦးကို ရွေးချယ်၍ မတ်လ(၁၃)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်နှင့်‌အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ကစား သွားကြမည်ဖြစ်ကြောင်းနှင့် ပညာရေး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ အား/ကာ၊ ကာယဆရာတို့က ၁.၁.၂၀၀၃ ခုနှစ် မွေးဖွားပြီး အသက်(၁၉)နှစ် ပြည့်ပြီးသူ၊ မှတ်ပုံတင်စစ်ဆေးမှု၊ အားကစားစွမ်းရည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကစားသမား စိစစ်ခေါ်ယူခြင်းဖြစ်ကြောင်းတို့ကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ချိုသဲထံမှ သိရသည်။

မျိုးဇော်သိန်း