စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဝါးခယ်မ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားစေရေး အတွက် ကြီးကြပ်မှုကော်မတီနှင့် တောင်သူများတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျုံပေါက်ကျေးရွာ အုပ်စု၊ ကျီးချောင်းကျေးရွာ၊ ဗုဒ္ဓရိပ်ငြိမ်ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မား‌ရေး ကြီးကြပ်မှုကော်မတီနှင့် ကျုံပေါက်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ တောင်သူများက  စပါးစိုက်ဧက လျော့နည်းမှုအပေါ်  ဖြည့်တင်းဆောင်ရွက်ရမည့် အချက်များ၊ လိုအပ်ချက်များ၊ စပါးခင်းများအတွင်း ကျရောက်သည့် ရွှေခရုအဖျက်ပိုး ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည့် အချက်များ၊  သစ်စိမ်း မြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးမှု အချက်များကို ဆွေးနွေးခဲ့ကြပြီး တောင်သူလယ်သမားများ၏ လိုအပ်ချက်များ ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)