ပုလောမြို့နယ်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာရှိ လယ်မြေတွင် မြေဆွေးပုံပြုလုပ်ထည့်သွင်း နည်းပညာပေးပွဲကျင်းပ

ပလောက်  မေ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ လယ်မြေတွင် မြေဆွေးပုံပြုလုပ်ထည့်သွင်းနည်းပညာပေးပွဲကိုယနေ့ နံနက်(၇)နာရီခွဲ အချိန်က ညောင်ရှင်ကုန်းကျေးရွာရှိတောင်သူ ဦးသန်းလွင် ကွင်းအမှတ်(၆-ခ)၊ ဦးပိုင်အမှတ်(၂၂၃/၁)လယ်မြေတွင်တိုင်းဒေသကြီးမြေ အသုံးချရေးဌာနခွဲ၏ ဦးဆောင်မှုဖြင့် EM-ဘိုကာရှီမြေဆွေးပုံပြုလုပ်ထည့်သွင်းခြင်းကို စံပြအနေဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အသိပညာပေးပွဲတွင် ပလောက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက EM-ဘိုကာရှီမြေဆွေးပုံပြုလုပ်ထည့်သွင်းနည်းကို အသေးစိတ်ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါမြေဆွေးပုံပြုလုပ်ထည့်သွင်းနည်းပညာပေးပွဲသို့ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းနှင့် မြေဆွေးပုံပြုလုပ်ထည့်သွင်းနည်း ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)