မုံရွာမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလွတ်တန်း စားပွဲတင်နစ်ပြိုင်ပွဲကျင်းပ၊ ဆုရရှိသူများအား ဆုများချီးမြှင့်

  မုံရွာ မေ ၁၂

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလွတ်တန်း  စားပွဲတင် တင်းနစ်ပြိုင်ပွဲကို မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မုံရွာမြို့ လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် မုံရွာမြို့ တင်းနစ်ကလပ်မှ လူငယ်လူရွယ်လေးများနှင့် မြို့ပေါ်ရပ်ကွက်များမှ တင်းနစ်အားကစားသမားများ လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။  ထို့နောက် ပြိုင်ပွဲအလိုက် ပထမ ၊ဒုတိယ၊ တတိယ ဆုရရှိကြသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး၊ မုံရွာမြို့ တင်းနစ်ကလပ်အဖွဲ့ဝင် ဦးဇော်တို့က ဆုများအသီးသီး‌ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည် ။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံးအနေဖြင့် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် လူငယ်များ အသုံးပြုနိုင်ရေးအတွက်  အားကစားပြိုင်ပွဲများကျင်းပခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်းတို့ကို မိတ်ဖက်ဌာနများ၊  အရပ်ဖက်အဖွဲ့အစည်းများဖြင့်ပူးပေါင်းကာ ဆောင်ရွက်ချက်ရှိကြောင်းသိရှိရပါသည်။

 ခရိုင်ပြန်/ဆက်