ပဲခူးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ပဲခူး မေ ၁၂

၂၀၂၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံဖွင့်လှစ်လျက်ရှိရာ ပဲခူးတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပထမဆုံး ကျောင်းစဖွင့်သည့်ရက်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်နေကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ရာတွင် ပဲခူးတက္ကသိုလ်၌ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်အတန်းများ၊ သင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အဆိုပါ ပဲခူးတက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသော အတန်းများ၌ ပညာသင်နှစ်အသီးသီးမှ  ကျောင်းသား / သူများ ကျောင်းအပ်နှံခြင်းများ အဆင်ပြေချောမွေ့‌စေရန်နှင့် စိတ်အေးချမ်းစွာ တက်ရောက်ပညာ သင်ကြားနိုင်ရန် တာဝန်ရှိသူများက  စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးခရိုင်၊ ပြန်/ဆက်