ပဲခူး မေ ၁၂
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သမဝါယမအသင်းစု လီမိတက်၏(၂၀၂၀-၂၀၂၂) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ် တင်မြှောက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဝင်း ရှင်စောပုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်ကျော်က သမဝါယမဦးစီးဌာနမှ ဦးတည်ချက်(၃)ချက်ဖြစ်သည့် (၁) ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ (၂)တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ စီးပွားရေးလုပ်ငန်းဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်အကန် အထောက်အကူပြု ဆောင်ရွက်ပေးရန်၊ (၃) သမဝါယမမှလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအဆင့် ရောက်ရှိစေရန် အချက်အလက်များ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက် ဒါရိုက်တာ ဦးကြီးမြင့်က လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍရေးရှင်းတမ်းများအား ဖတ်ကြားတင်ပြရာ အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် ပြန်လည် ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်၊ ပြန်/ဆက်