ထားဝယ် မေ ၁၂
နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အလုပ် အကိုင်အခွင့်အလမ်းများကိုရယူအသုံးချကာ လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ်ပညာတက်များ မွေးထုတ်ရေးကိုဦးတည်လျက် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းများ ယနေ့နံနက်ပိုင်းက တစ်ပြိုက်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဘာသာရပ်အလိုက်ကျောင်းသား/သူများ ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်း(ပ)(၁၅)ဦး၊ ပထမနှစ်ကွန်ပျူတာသိပ္ပံနှင့် နည်းပညာသင်တန်း(ဒု)(၈၇)ဦး၊ ဒုတိယနှစ်ကွန်ပျူတာသိပ္ပံသင်တန်း(၄၈)ဦး၊ ဒုတိယနှစ်နည်းပညာ သင်တန်း (၂၅)ဦး၊ တတိယနှစ်ကွန်ပျူတာသိပ္ပံသင်တန်း (၄၆)ဦး၊ တတိယနှစ်ကွန်ပျူတာနည်းပညာ သင်တန်း(၁၇)ဦး၊ ပဥ္စမနှစ်ကွန်ပျူတာသိပ္ပံသင်တန်း(၄၉) ဦး၊ ပဥ္စမ နှစ်ကွန်ပျူတာနည်းပညာသင်တန်း (၈)ဦးရှိကြောင်းသိရပြီး ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူစာရင်းရှိ(၁၄၁)ဦး၊ ကျောင်းအပ်ကျောင်းတက်(၁၆)ဦးနှင့် ပထမနှစ်(ပထမနှစ်ဝက်)၂၀၂၀ ပြည့်နှစ်အောင် စာရင်းရှိ(၁၄၀)ဦးကျောင်းအပ်ကျောင်းတက် (၄၃) ဦးရှိကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သောနေ့ရက်တွင် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ဒုတိယပါမောက္ခချုပ်နှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများက ကြိုဆိုနူတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီးသက်ဆိုင်ရာ ပါမောက္ခဌာနမှူးများကသင်ကြားမည့် ဘာသာရပ်အလိုက်အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။
ယနေ့တွင် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/သူများ ပညာသင်ယူမှုအခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းများပွင့်လန်းလာသဖြင့် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် ဆရာ/မများကလည်း ပညာသင်ကြားပေးနိုင်ရေးအတွက် မေ ၁၂ ရက်နေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)