တောင်ငူ၌ တောင်ငူပညာရေးဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ် ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

တောင်ငူ မေ ၁၂

ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာဦးစီးဌာနရှိ တောင်ငူပညာရေး ဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ်တို့ကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တောင်ငူ၌  (၂၀၁၉-၂၀၂၁) ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တို့အတွက် တောင်ငူတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၇၄၈၂ ဦး၊ တောင်ငူပညာရေး ဒီဂရီကောလိပ်မှ ပထမနှစ်၊ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်သို့ တက်ရောက်ကြသူ ကျောင်းသား ကျောင်းသူ ၂၀၈ ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမများက သတ်မှတ်ပြဌာန်း ထားသော သင်ရိုးမာတိကာများကို စာတွေ့လက်တွေ့ သင်​ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်