ခမောက်ကြီးမြို့တွင် ဆေးထိုးအုပ်စုအလိုက် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ခမောက်ကြီး မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက ဆေးထိုးအုပ်စုအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၈)နာရီမှစ၍ ထိုးနှံပေးခဲ့သည်။

အဆိုပါ ဆေးထိုးအုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသက်(၁၅)နှစ်နှင့် အထက်(၁၈)နှစ်ကြား ထိုးနှံမည့်သူများအား အိန္ဒိယနိုင်ငံထုတ် Covaxin ကိုဗစ်ကာကွယ် ဆေး (ပထမကြိမ်)အဖြစ်လည်းကောင်း၊ အသက်(၁၈)နှစ်နှင့်အထက် ထိုးနှံမည့်သူများအား ထိုင်းနိုင်ငံထုတ် Astrazeneca ကိုဗစ်ကာကွယ်ဆေး (ပထမကြိမ်)နှင့် ပထမကြိမ်ထိုးနှံပြီးသူ များဒုတိယကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထို့အပြင်  ကိုဗစ်ကာကွယ်ဆေး ပထမကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူများအား တတိယကြိမ်အဖြစ် ထိုးနှံပြီးထားသော ဆေးအမျိုးအစားအလိုက် Covaxinနှင့် Astrazeneca ကိုဗစ် ကာကွယ်ဆေးများအား ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ စာရင်းဇယားများနှင့် လိုအပ်သည်များကို ခမောက်ကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာအဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရူပါ(ခမောက်ကြီး )