ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ဘားအံ မေ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘားအံမြို့ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့် ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ နွေရာသီကွန်ပျူတာ အခြေခံသင်တန်းတက်ရောက်နေသော  သင်တန်းသား/သူများက  လာရောက်လေ့လာမှတ်သားကြ ကြောင်း သိရသည်။

ထို့နောက် ဘားအံမြို့ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံးမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)